Thursday, January 7, 2010

ရခဲသောသူ

ထွန်းထွန်းကားကား
ယောကျာင်္းတစ်ဆူ
ထိုသသူလျှင်
လူ၌သော်လည်း
ရနိုင်ခဲ၏ ။
နက်နဲသိမြင်
ကြီးမြင့်သော်မူ
လေးဖော်မျိုးစစ်
မှီရာ ဖြစ်လိမ့် ........ ။
(ကိုးကန့်ပျို့)

မိုး .......

ချုန်းထစ်သံ ဟိန်းပါဘိ
ခြိမ်းခြိမ့်ခြိမ့် လာပြီ
ရွာသည်တဲ့ မိုး .... ။
ရွာတုန်း ရေခံလို့
နေရဗာန် ဧကန်မြန်းလိုတဲ့
မလေးမေ ပူမသန်းရအောင်
ဖျန်းပက်လို့ ချိုး ....... ။ ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာမှ)

Tuesday, January 5, 2010

နွေကန္တာဦးမြို့

ကျွန်တော့်ရဲ့ ဇာတိက အထက်မြန်မာပြည် အလယ်ပိုင်းမှာတည်ရှိတဲ့ မထင်မရှား မြို့လေးတစ်မြို့ပါ။ ကျွန်တော်တို့ မြို့လေးကို စာရေးဆရာမင်းလူက နွေကန္တာဦး လို့ ကလောင်သွားနဲ့ ကင်ပွန်းတပ် တင်စားရေးသားခဲ့ပါတယ်။ လှပပြီး ကဗျာ ဆန်ပါတယ်။
ကျွန်တော် ရသဆိုင်ရာ စာပေများကို Blog လေးတစ်ခုအနေနဲ့ စုစည်းဖော်ပြဖို့ စိတ်ကူး ရတဲ့အချိန် ကျွန်တော့် Blog လေးအတွက် နွေကန္တာဦးဆိုတဲ့ နာမည်လေး ပေးဖို့ စဉ်းစားမိပြီး ဒီအမည်လေးကို ရွေးချယ်အသုံးပြု ဖြစ်သွားတာပါ။
ဆရာမင်းလူကို လေးစားကျေးဇူးတင်ပါတယ်။